“ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (SSIPP) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား Online Video Conferencing ပြုလုပ်၍ လူထုသို့ ဖြန့်ဝေခြင်း”

၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် Online စနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC)၏ (၂၀၂၀–၂၀၂၁) ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား လူထုသို့ အသိပေးဖြန့်ဝေခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ‌ရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတွင်းရေးမှူး၊ DICA ပြည်နယ်ဦးစီးမှူး ဦးလေးနိုင်မှ အသေးစိတ်ရှင်းလင်း‌‌‌‌တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများ၊…

Meung Thauk Company Limite နှင့် Unique Lawksawk Mango Public Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက် မြို့နယ်အတွင်းရှိ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Meung Thauk Company Limite ၏ သက်ရက်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း နှင့် Unique Lawksawk Mango Public Company Limited ၏ သက်ရက်သီး သန့်စင်ထုတ်ပိုးခြင်းလုပ်ငန်း တို့ကို…

GPS Joint Venture Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တပင်ပျော်ကျေးရွာအုပ်စု၊ ရွာငံမြို့နယ်၊ တောင်ကြီး ခရိုင်၊ ရှမ်းပြည်နယ်တွင် GPS Joint Venture Co., Ltd ၏ ခဲသတ္တုသန့်စင် ရောင်းချခြင်းလုပ်ငန်းအား စီးပွားဖြစ်စတင်သောရက် သတ်မှတ်ပေးနိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ၁၈.၁၁.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၀)

လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ လူမွဲခံယူခြင်းဆိုင်ရာမှတ်ပုံတင်လက်မှတ်ပုံစံနှင့် အခကြေးငွေများသတ်မှတ်ခြင်း https://www.ssic.gov.mm/wp-content/uploads/2020/11/Notification-95-Eng.pdf

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ရှမ်းပြည်နယ်အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်၊ ကော်အတီဝင်များဖြစ်သည့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်း နှင့် အဖွဲ့ဝင်(၄)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှ ရာခိုင်းနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၄)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း…

“ဟင်းသီးဟင်းရွက်ထုတ်လုပ်ရာတွင်Poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများဆိုင်ရာWebinarဆွေးနွေးပွဲ” သို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း

Poly-tunnels သည်သီးနှံများစိုက်ပျိုးရာတွင် အကာအကွယ်ပေးခြင်း၊အထွက်နှုန်းတိုးတက်စေခြင်းနှင့်စိုက်ပျိုး ရာသီကာလ တိုးချဲ့နိုင်စေခြင်းများအတွက် ရိုးရှင်းသော တည်ဆောက်မှုပုံစံဖြစ်ပါသည်။Fresh Studio သည်ရှမ်းပြည်နယ်တောင်ပိုင်းရှိဟင်းသီးဟင်းရွက်ထုတ်လုပ်မှုတွင်poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်သည့်လေ့လာမှုတစ်ခုကိုပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာမှုကို ဂျာမနီအစိုးရကိုယ်စားGIZBusiness မှ ငွေကြေးထောက်ပံ့ခဲ့ပါသည်။ဤWebinar တွင် Fresh Studio သည်လေ့လာတွေ့ရှိမှု၏အဓိကကျသောအချက်များကို ရှင်းလင်းတင်ပြပြီးနောက် အမေးအဖြေများဖြင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပါသည်။   အကယ်၍သင်စိတ်ဝင်စားပါက၊အောက်ပါလင့်ခ်မှာ စာရင်းသွင်းနိုင်ပါသည်။ https://ssic.gov.mm///bit.ly/GIZPolytunnelWebinar   ရက်စွဲ: ၉…

Model Industrial Co., Ltd. သို့ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဘရိုက်တီးကျောက်မှုန့်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Model Industrial Co., Ltd. ၏ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စုရှိ ဘရိုက်တီးကျောက် အသေးစားထုတ်လုပ်သည့်လုပ်ငန်းသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၉.၉.၂၀၂၀ ရက်တွင်သွားရောက်ကွင်းဆင်း၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

HI AVOCADO MTD COMPANY LIMITED သို့ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ထောပတ်သီး၊ သရက်သီး စသည်တို့ကို ပြုပြင်ထုတ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော HI AVOCADO MTD COMPANY LIMITED သို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂.၉.၂၀၂၀ ရက်တွင်သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအားရှင်းလင်းဆွေးနွေးခြင်း

ရှမ်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI)မှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် “Taunggyi Smart Green City Project Initiative” အခမ်းအနားသို့ DICA (Shan State)မှ ပြည်နယ်ဦးစီးမှူး တက်ရောက်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ၁.၉.၂၀၂၀ရက်တွင် (SSSCCI)ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ဌာနဆိုင်ရာကိုယ်စား လှယ်များ၊…