ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအကြောင်း

 

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွယ်ကူချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကို စိစစ်၍ အတည်ပြုမိန့်များ ထုတ်ပေးနိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၃)ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း(၃၁၆၂၀.၇၄၄)နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁)သန်း ကို အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။  အလုပ်အကိုင်အခွင့်အလမ်း မြန်မာနိုင်ငံသား(၉၉၄)ဦး နိုင်ငံခြားသား(၅၃)ဦး အတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အတည်ပြုမိန့်များ ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျှက်ရှိပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်အတွက် ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အစဉ်တစိုက် ဆောင်ရွက်နေသည့်အပြင် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။  ထို့ပြင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။  ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းကော်မတီသည် ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)၏ အကူအညီဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ စာရင်းအချက်အလက် များ ကောက်ယူပြီး အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်၍ စီမံကိန်းများနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နှစ်စဉ် ဦးစားပေးကဏ္ဍများ ချမှတ် ဆောင်ရွက်လျှက်ရှိပါသည်။  ထို့ပြင် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ သိရှိနိုင်ရန်အတွက် (၂၆.၁၂.၂၀၁၉) ရက်မှ (၂၇.၁၂.၂၀၁၉) ရက်အထိ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ သိရှိနိုင်စေရန် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ Website ဖြစ်သော www.ssic.gov.mm တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှထုတ်ပေးထားသောအတည်ပြုမိန့်စာရင်း

စဉ်ကုမ္ပဏီ အမည်အတည်ပြုမိန့်အမှတ်နှင့်ရက်စွဲလုပ်ငန်း အမျိုးအစား(US$)
သန်း
ရင်းနှီးမြှုပ်နှံမှုပမာဏ
(ကျပ်သန်း)
အလုပ်အကိုင်ဖန်
တီးပေးနိုင်မှုအခြေအနေ
ရင်းနှီ:မြှုပ်နှံသည့်တည်နေရာ
ပြည်တွင်းပြည်ပ
၁Meung Thauk Co., Ltdရပန၀၀၁/၂၀၁၈
(၁၂-၇-၂၀၁၈)
သရက်သီးစိုက်ပျိုး
ထုတ်လုပ်ရောင်းချ
ခြင်းလုပ်ငန်း
၀.၃၄၅၇၀၀.၀၀၁၉၅ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု၊ မြေနီကုန်းအရှေ့၊ ကွင်းအ မှတ်(၂၀၂) ဦးပိုင်အမှတ်(၆၊၇၊၈၊၉)၊ စုစု ပေါင်းမြေ(၄၀.၀၉)ဧက
၂A-5 Co., Ltdရပန၀၀၂/၂၀၁၈
(၁၂-၇-၂၀၁၈)
နွားမွေးမြူခြင်း၊မျိုး
ပွားခြင်းထုတ်လုပ် ရောင်းချခြင်းလုပ်
ငန်း
-၆၆၀.၀၀၁၇၁ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအုပ်စု၊ လွယ် လိတ်ရွာ၊မြေဧရိယာ(၉၀.၀၀)ဧက
၃Myanmar Shwe Ayeyar Co., Ltdရပန၀၀၃/၂၀၁၈
(၁၅-၈-၂၀၁၈)
ပြောင်းအခြောက်ခံ
သန့်စင်ထုတ်လုပ်
ရောင်းချခြင်းလုပ်
ငန်း
-၉၄၃.၅၉၇၉၇၃-ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ လားရှိုးမြို့နယ်၊နောင်ဖော့ကျေးရွာအုပ်စု၊
လွယ်လမ့်ကျေးရွာ၊လွယ်လမ့်ကွင်း(ကွင်း
ပြင်)၊ဦးပိုင်အမှတ်(၆၇)၊စုစုပေါင်းမြေ
(၅.၃၇)ဧက
၄Loi Maung Co., Ltdရပန၀၀၄/၂၀၁၈
(၁၉-၁၀-၂၀၁၈)
ဟိုတယ်ဝန်ဆောင်မှု
လုပ်ငန်း
၀.၂၆၇၃၅၁၆.၄၈၁၅၅၁ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်၊အရှေ့ရပ်တောင်၊ ကန် သာဦးရပ်ကွက်၊ အကွက်အမှတ်(၈)၊ ဦးပိုင် အမှတ် (၉၈)၊ မြေဧက(၁.၁၀၉)
၅Golden Pipeapple Co., Ltdရပန၀၀၅/၂၀၁၈(၁၉-၁၀-၂၀၁၈)အဆင့်မြင့်နာနတ်သီးစားသောက်ကုန်ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၀.၀၃၇၅၆၀၃.၃၆၄၅၆-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်ရမ်းကျေးရွာအုပ်စု၊နမ့် ရမ်းကျေးရွာ၊ သီပေါ-လွိုင်လင်-ပန်ကေတု ပြည် ထောင်စုလမ်းမကြီး၊ ကွင်းအမှတ် (ကွင်းပြင်)၊ ဦးပိုင်အမှတ်(၄၁)၊မြေဧက (၀.၆၂)
၆Agro Global Co.,Ltdရပန-၀၀၆/၂၀၁၉
(၅.၈.၂၀၁၉)
ပဲကြိတ်ခွဲ
ခြင်းလုပ်ငန်း
၀.၃၅-၁၅၁ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊
ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ညောင်သုံးပင်ကျေးရွာ၊လေထိုးကုန်သာ၊ကွင်းအမှတ်(၆၁)၊ဦးပိုင်အမှတ်(၆၆၆/၁၆၄၀)၊ မြေ(၀.၉)ဧက
၇Agro Global Co.,Ltdရပန-၀၀၇/၂၀၁၉
(၅.၈.၂၀၁၉)
ဟင်းသီးဟင်းရွက်အ
ခြောက်ခံခြင်း၊ထုတ်
လုပ်ခြင်းနှင့်ရောင်း
ချခြင်းလုပ်ငန်း
၀.၁၅-၃၃၁ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊
ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ညောင်သုံးပင်ကျေးရွာ၊လေထိုးကုန်သာ၊ကွင်းအမှတ်(၆၁)၊ဦးပိုင်အမှတ်(၆၆၆/၁၆၄၀)၊မြေ(၀.၉)ဧက
၈Myanmar Silk Enterprise Co.,Ltdရပန-၀၀၈/၂၀၁၉
(၅.၈.၂၀၁၉)
Contract Farming စနစ်အပါအဝင်ပိုစား
ပင်စိုက်ပျိုးခြင်းနှင့်ပိုးအိမ်ထုတ်လုပ်ခြင်း
လုပ်ငန်း
၄.၉၈-၁၆၀၃၀ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊လား ရှိုးမြို့နယ်၊ နောင်ဖောကျေးရွာအုပ်စု၊နေရာ (၁)ဦးပိုင်အမှတ်(၄၆)၊အကွက်အမှတ်ကွင်းပြင်ကွင်း၊မြေဧက(၁၄.၈၈)၊ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၊သုံးဆယ်ကျေရွာအုပ်စု၊နေရာ(၂)ဦးပိုင်အ မှတ်(၁၁)၊ အကွက်အမှတ်-ကွင်းပြင်/ မြို့တွင်း၊ မြေဧက(၇.၂၃) နှင့် ကျောက်မဲ ခရိုင်၊ကျောက်မဲမြို့နယ်၊စခန်းသာကျေးရွာအုပ်စု၊ ညောင်ပင် ကုန်းအရှေ့ကွင်း၊ နေရာ(၃) ဦးပိုင်အမှတ်(၂၈)၊ အကွက်အမှတ်(၄၉)၊ မြေဧက(၅.၄၄)
၉Aramaw (Nyaung
Shwe) Company
Limited
ရပန-၀၀၉/၂၀၂၀
၁၄.၇.၂၀၂၀
ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း-၅၁၂၂.၉၉၈၀ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊
ညောင်ရွှေမြို့နယ်၊မြို့မအုပ်စု၊နန္ဒဝန်ရပ်ကွက်အတွင်း စုစုပေါင်းမြေဧရိယာ (၈.၅၂)ဧက
၁၀Hi Avocado MTD Company Limitedရပန-၀၁၀/ ၂၀၂၀
(၁၄-၇-၂၀၂၀)
ထောပတ်သီးစိုက်
ပျိုးခြင်းနှင့်ထော
ပတ်သီး၊သရက်သီးအစရှိသည့်သစ်သီး
များပြုပြင်ထုတ်
လုပ်ခြင်းလုပ်ငန်း
၄.၁၃၁၈၂ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ဆီဆိုင် မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုရှိမြေဧရိယာ(၃၀၀) ဧကနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ကျောက်တလုံး ကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စုရှိမြေဧရိယာ(၁၀၃.၆၁) ဧကနှင့်တောင် ကြီးမြို့နယ်၊ အေးသာယာ ရပ်ကွက်၊ကွင်းအမှတ် (၉၇)၊သံရည်ကျိုစက် ရုံ ၊ အေးသာယာ စက်မှုဇုန်၊ မြေဧရိယာ(၅) ဧက
၁၁Unique Lawksawk Mango Public Company Limitedရပန-၀၁၁/၂၀၂၀
၁၄.၇.၂၀၂၀
သရက်သီးသန့်စင် ထုတ်ပိုးခြင်းလုပ်ငန်း၅၅၀၂၂ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ရပ်စောက် မြို့နယ်၊ ကြာအင်းကျေးရွာ၊ မကျီး ကုန်းကျေးရွာ အုပ်စု၊ကွင်းအမှတ် (၅၃)၊ဦးပိုင် အမှတ် (၄၈)၊အကွက်အမည် နောင်တခေါအ ရှေ့ကွင်းရှိမြေ(၂.၀၀)ဧက
၁၂Naung Tayar Potato Group Company Limited မှရပန-၀၁၂/၂၀၂၀
(၃၁-၁၀-၂၀၂၀)
အာလူးမျိုးများ သိုလှောင်ဝန်ဆောင်မှုပေးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ် ငန်း၂.၃၇၅၃၀၀.၀၀၂၀၀ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင် လောင်းမြို့နယ်၊ နောင်တရားမြို့၊(၃)ရပ်ကွက်၊ မင်းမထိလမ်း၊ အမှတ်(၃/၁၃၂)ရှိ မြေဧရိယာ (၄.၅၄၅)ဧက
၁၃Shan Orchard Myanmar Limited ရပန-၀၁၃/၂၀၂၀
(၃၁-၁၀-၂၀၂၀)
ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ထောပတ်အဆီထုတ်လုပ်တင်
ပို့ခြင်းလုပ်ငန်း
၁.၃၉၁၃ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်ကျေးရွာအုပ်စု၊ တောင်မြေခြားရွာ အတွင်းရှိ စုစုပေါင်းမြေ ဧရိယာ(၃၃.၄၈)ဧက
၁၄Gold Five Elephants Company Limitedရပန-၀၁၄/၂၀၂၀
(၃၁-၁၀-၂၀၂၀)
ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၂၃၀၀.၀၀၈၀ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ကွင်းအမှတ်(၃)၊ မြို့ကွက်သစ်အပိုင်း(င)၊ မြန်မာ့တိုးန ယားအိမ်ရာအတွင်းရှိ စုစုပေါင်းမြေဧရိယာ(၀.၆၄)ဧကပေါ်တွင်
၁၅MAHARSAN 333 Co., Ltd. (မဟာစံ ၃၃၃ ကုမ္ပဏီလီမိတက်)ရပန-၀၁၅/၂၀၂၀
(၃၁-၁၀-၂၀၂၀)
စက်အုတ်များထုတ်လုပ် ဖြန့်ဖြူးရောင်း
ချခြင်းလုပ်ငန်း
၀.၉၆၂၃၀၀၀.၀၀၄၈၄ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအနီး၊ အင်းမှီးတောင်ကွင်း၊ ကွင်းအမှတ်(၃၀၂၇)၊ မြေကွက်အမှတ်(၉၂)၊ စုစုပေါင်းမြေဧရိယာ(၁၇)ဧက
၁၆New World Shwe Pyi Tan Company Limitedရပန-၀၁၆/၂၀၂၀
(၃၁-၁၀-၂၀၂၀)
စက်အုတ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၁.၉၇၉၄၅၀၀.၀၀၉၂၉ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆)၊ ဗရားပင်မြောက်၊ ဦးပိုင်အ မှတ်(၉၀/၁၀၀)မြေဧက(၅.၇၆)နှင့် ဦးပိုင်အမှတ်(၁၀/၉၉)မြေဧက(၄.၁၀)စုစုပေါင်းမြေဧက(၉.၈၆)ပေါ် တွင်
၁၇ခမ်းဓန ကုမ္ပဏီလီမိတက် ရပန-၁၇/၂၀၂၁
၂၂/၆/၂၀၂၁
ပြောင်း အခြောက်ခံသန့်စင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၆၆၇.၁၉
စုစုပေါင်း၁၆.၉၆၀၅၂၇၈၆၃.၅၃၂၉၉၉၀၅၄

မတည်ငွေရင်းပမာဏ (US$)

မတည်ငွေရင်းပမာဏ ကျပ်သန်း (US$ အပါအဝင်)

‌ကော်မတီအဖွဲ့ဝင်များ