အတည်ပြုမိန့်လျှောက်ထားပုံအဆင့်ဆင့်

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် သို့မဟုတ် မြန်မာကျပ်ငွေ ကျပ်သန်း ၆၀၀၀နှင့်အောက် တန်ဖိုးရှိသောလုပ်ငန်းအတွက် ရင်းနှီး မြှုပ်နှံမှုပြုလုပ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ အတည်ပြုမိန့် ရရှိရန် တင်ပြလျှောက်ထားနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား ပေါ်မူတည်၍ လုပ်ထုံးလုပ်နည်း အနည်းငယ် ကွဲလွဲနိုင်သော်လည်း အောက်ဖော်ပြပါအဆင့်များမှာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလျှောက်ထားလွှာများတင်ပြရာတွင် လိုက်နာ ဆောင်ရွက်ရမည့်အဆင့်များဖြစ်သည်။

  • အဆင့်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းခြင်း

    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ  အကြံဉာဏ်တောင်းခံ၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်။

  • (ပုံစံ ၄-ခ) အတည်ပြုလျှောက်ထားလွှာ ဝယ်ယူဖြည့်သွင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထား နိုင်သည်။

    အတည်ပြုလျှောက်ထားလွှာပုံစံဝယ်ယူဖြည့်သွင်း၍  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ သို့ လျှောက်ထားနိုင်သည်

  • အဆင့်(၃) အတည်ပြုလျှောက်ထားလွှာအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ စိစစ်ခြင်း

    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလျှောက်ထားလွှာအား စိစစ်သည်

  • အဆင့်(၄) အတည်ပြုမိန့်ထုတ်ယူခြင်း

    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလျှောက်ထားအား လက်ခံပါက အတည်ပြု မိန့်ထုတ်ယူနိုင်သည်