ရှမ်းပြည်နယ်အကြောင်းပိုမိုလေ့လာရန်

ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်း

အလားအလာများစွာရှိသောနယ်မြေ

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုအချက်အလက်များ၏အပြန်အလှန်အမြင်များ

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရင်းနှီးမြှုပ်နှံသူများအား SSIC data portal ကို အသုံးပြုအားခြင်းဖြင့် နှစ်အလိုက်၊ ကဏ္ဍာအလိုက်၊ မြို့နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များသိရှိပြီး ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ချနိုင်ရန် ပံ့ပိုးပေးနိုင်သည့် နောက်ဆုံးရသတင်းအချက်အလက် များကို ထိန်းသိမ်းထားပါသည်။
နိုင်ငံခြားသားမြန်မာနိုင်ငံသား

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်အတွင်းရှိ ကုမ္ပဏီတည်ထောင်၍ လုပ်ငန်းများဆောင်ရွက်နေသော ကုမ္ပဏီလုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် “မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ အကြောင်း ရှင်းလင်းဆွေးနွေးပွဲ” ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းတင်အောင်သိန်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ…

Read more

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် ဆောင်ရွက်လျက်ရှိသော အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြင့် ပြောင်းစိုက်ပျိုးခြင်း၊ ပြောင်းအခြောက်ခံခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၊ ပြောင်းအခြောက်ခံ ထုတ်လုပ် တင်ပို့ ရောင်းချခြင်း လုပ်ငန်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင်သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Read more

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် ဆောင်ရွက်လျက်ရှိသော ပြောင်းအခြောက်ခံသန့်စင် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းနှင့် BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်းတံတား အသုံးပြုခများ ကောက်ခံခြင်းလုပ်ငန်း တို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင်သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Read more

Download ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုပန်းတိုင် ၂၆ ရက် - ၂၇ ရက် နိုဝင်ဘာ ၂၀၁၉ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ Download ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုပန်းတိုင် ၂၆ ရက် - ၂၇ ရက် နိုဝင်ဘာ ၂၀၁၉ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉

သတင်းလွှာ