မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၀)

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အဖွဲ့ဝင်ပြောင်းလဲခန့်အပ်ခြင်း https://www.ssic.gov.mm/wp-content/uploads/2020/08/shan_mamber_change_pdf_eng.pdf

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၀)

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အဖွဲ့ဝင်ပြောင်းလဲခန့်အပ်ခြင်း https://www.ssic.gov.mm/wp-content/uploads/2020/08/shan_mamber_change_pdf_mm.pdf

Allance One Myanmar Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆေးရွက်ကြီးစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ Allance One Myanmar Co., Ltd. သို့ ၁၂.၈.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ထောပတ်သီး စိုက်ပျိုးခြင်းနှင့် ထောပတ်သီး၊ သရက်သီးအစရှိသည့်သီးနှံများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်းတို့ကို အတည်ပြုမိန့်ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ကြပါသည်။အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းမှာ…

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း အကောင် အထည်ဖော်ရေးအဖွဲ့ဝင်များ၊ ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အဖွဲ့နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ ၂၃.၆.၂၀၂၀ရက်တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ  စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအား ၁၉.၆.၂၀၂၀ရက်တွင် သွားရောက်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Asia Green Travels & Tours Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ Asia Green Travels & Tours Company Limited ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၂)ခုအား ၁၇.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။  

Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel နှင့် Resort Group Co., Ltd Minor Myanmar Co., Ltd များသို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းသောက်ဒေသရှိ Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel and Resort Group Co., Ltd Minor Myanmar Co., Ltd တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများကို ၉.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀) https://www.ssic.gov.mm/wp-content/uploads/2020/05/igm_notification_20200407.pdf