ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) ပေးအပ်ခြင်းအခမ်းအနား

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ပူးပေါင်း၍ ၁၈-၃-၂၀၂၀ ရက်နေ့ တောင်ကြီးစီးတီးဟိုတယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (SSIPP) ပေးအပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ပါသည်။

ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရို

ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရိုကို ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ယခုဗီဒီရိုထဲတွင် ရှမ်းပြည်နယ်၏ သဘာဝပထဝီဝင်ဆိုင်ရာ အချက်အလက်များ၊ အလားအလာရှိသောရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့် ခံစားခွင့်များ၊ ကင်းလွှတ်ခွင့်နှင့် သက်သာခွင့်များပါဝင်ပါသည်။ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉တွင် ယခုဗီဒီရိုကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဗီဒီရိုအားကူးယူရန် https://youtu.be/wkuSYs-gG4c

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှမ်းပြည်နယ်တွင် မြှင့်တင်ရန်အတွက်ရှမ်းပြည်နယ်အစိုးရ၏ အဓိကလမ်းပြမြေပုံကဲ့သို့ လုပ်ဆောင်ပါမည်။ ရှမ်းပြည်နယ်၏လက်ရှိစီးပွားရေးအခြေအနေများအားဖော်ပြထားပြီး ရှမ်းပြည်နယ်၏ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်တိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုနှံမှုပြုလုပ်နိုင်မည့် ထိပ်တန်းနေရာများအနက်တစ်ခု အဖြစ် ပါဝင်အောင်ပြုလုပ်ရန်အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် မဟာဗျူဟာ များအား SSIPP တွင် ဖော်ပြထားပါသည်။ SSIPP သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊  မြောက်ပိုင်းနှင့်…

မြတ်မင်းကုမ္ပဏီလီမိတက် ၊ဆန်တမ်အင်းလေး ရီဆော့ ကုမ္ပဏီလီမိတက်. နှင့် ဝင်း ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မြတ်မင်းကုမ္ပဏီလီမိတက် ၊ဆန်တမ်အင်းလေး ရီဆော့ ကုမ္ပဏီလီမိတက်. နှင့် ဝင်း ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ကုမ္ပဏီလီမိတက် ၏ တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအား ၂၅.၂.၂၀၂၀ ရက်တွင် သွားရောက် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်…

ပါရာဒိုင်ဆို စီနီမား(စ်) ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် ရုပ်ရှင်ရုံတည်ဆောက်ခြင်းနှင့် ပြသခြင်းလုပ်ငန်းဆောင်ရွက်နေသော ပါရာဒိုင်ဆို စီနီမား(စ်) ကုမ္ပဏီလီမိတက် သို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

လွိုင်မောင်းကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့်  လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ်ရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက် ရှိသော Loi Moung Co., Ltd.  သို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း…