ပါရာဒိုင်ဆို စီနီမား(စ်) ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် ရုပ်ရှင်ရုံတည်ဆောက်ခြင်းနှင့် ပြသခြင်းလုပ်ငန်းဆောင်ရွက်နေသော ပါရာဒိုင်ဆို စီနီမား(စ်) ကုမ္ပဏီလီမိတက် သို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

လွိုင်မောင်းကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့်  လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ်ရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက် ရှိသော Loi Moung Co., Ltd.  သို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။