ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရို

ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရိုကို ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ယခုဗီဒီရိုထဲတွင် ရှမ်းပြည်နယ်၏ သဘာဝပထဝီဝင်ဆိုင်ရာ အချက်အလက်များ၊ အလားအလာရှိသောရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့် ခံစားခွင့်များ၊ ကင်းလွှတ်ခွင့်နှင့် သက်သာခွင့်များပါဝင်ပါသည်။ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉တွင် ယခုဗီဒီရိုကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဗီဒီရိုအားကူးယူရန် https://youtu.be/wkuSYs-gG4c

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှမ်းပြည်နယ်တွင် မြှင့်တင်ရန်အတွက်ရှမ်းပြည်နယ်အစိုးရ၏ အဓိကလမ်းပြမြေပုံကဲ့သို့ လုပ်ဆောင်ပါမည်။ ရှမ်းပြည်နယ်၏လက်ရှိစီးပွားရေးအခြေအနေများအားဖော်ပြထားပြီး ရှမ်းပြည်နယ်၏ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်တိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုနှံမှုပြုလုပ်နိုင်မည့် ထိပ်တန်းနေရာများအနက်တစ်ခု အဖြစ် ပါဝင်အောင်ပြုလုပ်ရန်အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် မဟာဗျူဟာ များအား SSIPP တွင် ဖော်ပြထားပါသည်။ SSIPP သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊  မြောက်ပိုင်းနှင့် တောင်ပိုင်း ဒေသများမှ ပုဂ္ဂလိကနှင့်အစိုးရဌာနမှ သက်ဆိုင်ရာကိုယ်စားလှယ်များ၏ ပါဝင်မှုဖြင့်ရေးဆွဲခဲ့ပါသည်။ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ အချိန်ကာလသတ်မှတ်ချက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) လုပ်ငန်း အကောင်အထည်ဖော်ခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်တာအချိန်ကာလ သတ်မှတ်ထားပါသည်။ သေးစိတ်အချက်အလက်များ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအား ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ website တွင်…