Meung Thauk Company Limite နှင့် Unique Lawksawk Mango Public Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက် မြို့နယ်အတွင်းရှိ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Meung Thauk Company Limite ၏ သက်ရက်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း နှင့် Unique Lawksawk Mango Public Company Limited ၏ သက်ရက်သီး သန့်စင်ထုတ်ပိုးခြင်းလုပ်ငန်း တို့ကို ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။