GPS Joint Venture Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တပင်ပျော်ကျေးရွာအုပ်စု၊ ရွာငံမြို့နယ်၊ တောင်ကြီး ခရိုင်၊ ရှမ်းပြည်နယ်တွင် GPS Joint Venture Co., Ltd ၏ ခဲသတ္တုသန့်စင် ရောင်းချခြင်းလုပ်ငန်းအား စီးပွားဖြစ်စတင်သောရက် သတ်မှတ်ပေးနိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ၁၈.၁၁.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။