ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ရှမ်းပြည်နယ်အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်၊ ကော်အတီဝင်များဖြစ်သည့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်း နှင့် အဖွဲ့ဝင်(၄)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှ ရာခိုင်းနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၄)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၁၅၁၀၀(US$ ၄.၃၄၉ သန်း အပါအဝင်)နှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၁)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ (US$ ၁.၃၉ သန်း) စုစုပေါင်း လုပ်ငန်း(၅)ခုကို ခွင့်ပြုခဲ့ရာ အဆိုပါလုပ်ငန်းများမှ ပြည်တွင်လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၂၀)ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အတည်ပြုမိန့် ပြန်လည်အပ်နှံခွင့်ပြုရန် တင်ပြလာသော လုပ်ငန်း(၁)ခုအား အတည်ပြုမိန့်ပြန်လည်အပ်နှံခွင့်ပြုရန်…