“ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (SSIPP) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား Online Video Conferencing ပြုလုပ်၍ လူထုသို့ ဖြန့်ဝေခြင်း”
၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် Online စနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC)၏ (၂၀၂၀–၂၀၂၁) ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား လူထုသို့ အသိပေးဖြန့်ဝေခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတွင်းရေးမှူး၊ DICA ပြည်နယ်ဦးစီးမှူး ဦးလေးနိုင်မှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ မေးမြန်းသောမေးခွန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။ ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (SSIPP)ကို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC) မှ မတ်လ ၂၀၂၀ တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး (၂၀၂၀-၂၀၂၁) အတွက် နှစ်စဥ်လုပ်ငန်းစီမံချက် ရေးဆွဲခြင်းအား ဇွန်လ…