Bing Industries Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် Ethyl Alchol (အီသနော) ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သော Bing Industries Limited သို့ (၄-၆-၂၀၂၁) ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

Shan State (South/East) Cooperative Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ဦးပိုင်အမှတ်(၁)၊ မြေကွက်အမှတ် (၅-က)၊ ၆ ရပ်ကွက်၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆေးရုံဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Shan State (South/East) Cooperative Limited သို့ (၂၆-၅-၂၀၂၁) ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့်အဖွဲ့သည် ၁၄-၅-၂၀၂၁ ရက်နေ့တွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရှမ်းပြည် နယ်ဦးစီးမှူးရုံးအားလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှေ့ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ဧပြီလ ၈ ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ဥက္ကဋ္ဌက ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင် လုပ်ကိုင်လာကြရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခင်ကော်မတီလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေသည့် မပြီးပြတ်သေးသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကိုလည်း မြန်မြန်ဆန်ဆန်ခွင့်ပြုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ အမိန့်ကြော်ငြာစာများနှင့် ထုတ်ပြန်ထားသည့် ဦးစားပေးကဏ္ဍပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၊ Covid-19 ကာလ ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပါ ဦးစားပေးကဏ္ဍများနှင့် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ သည့်ကာလအတွင်း အကျိုးရရှိမည့် Quit Win လုပ်ငန်းများကိုလည်း ရှာဖွေဖော်ထုတ်ပြီး မြန်မြန် ဆန်ဆန်ခွင့်ပြု ပေးသွားရန်  ကော်မတီဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ကိုလည်း တိုက်တွန်း လိုပါကြောင်း၊ ထို့အပြင် After Care…

Wuxi HuaGuang (Myanmar) Company Limited .(China)နှင့် Dragon Cement Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Wuxi HuaGuang (Myanmar) Company Limited ၏ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအား အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် ဘွိုင်လာအသစ် တည်ဆောက်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် Dragon Cement Co., Ltd.၏ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း တို့ကို ၂၂-၁-၂၀၂၁ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

” စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း “

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေး တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ အခွင့်အလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူ များမှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက http://bit.ly/3nREX1p တွင် ဝင်ရောက်၍ စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁- ၆၅၈၁၃၂…

“ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါသလား? SSIC website တွင်လေ့လာနိုင်ပါသည်။”

SSIC website သည် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် နှင့်စီးပွားရေးလုပ်ရန် စီစဉ်ထားသော ရင်းနှီးမြှုပ်နှံသူများအတွက် ထိရောက်သောသတင်းအချက်အလက်များ ရရှိနိုင်သည့် website တစ်ခုဖြစ်သည်။ ၎င်း website တွင် အစိုးရ၏စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုးတက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းများ နှင့်ပတ်သတ်သော နောက်ဆုံးရ သတင်းအချက်အလက်များ ရရှိနိုင်မှာဖြစ်ပြီး၊ ရှမ်းပြည်နယ်ရှိ ခွင့်ပြုချက်၊ သို့မဟုတ် ထောက်ခံချက်များရရှိထားသည့်   စီးပွားရေးလုပ်ငန်းဆိုင်ရာလမ်းညွှန် တစ်ခုလည်းရှိပါသည်။   ထပ်မံသိရှိလိုပါက ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။ – https://www.ssic.gov.mm/   #CheckouttheSSICWebsite  

“ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (SSIPP) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား Online Video Conferencing ပြုလုပ်၍ လူထုသို့ ဖြန့်ဝေခြင်း”

၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် Online စနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC)၏ (၂၀၂၀–၂၀၂၁) ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား လူထုသို့ အသိပေးဖြန့်ဝေခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ‌ရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတွင်းရေးမှူး၊ DICA ပြည်နယ်ဦးစီးမှူး ဦးလေးနိုင်မှ အသေးစိတ်ရှင်းလင်း‌‌‌‌တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ မေးမြန်းသောမေးခွန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။   ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (SSIPP)ကို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC) မှ မတ်လ ၂၀၂၀ တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး (၂၀၂၀-၂၀၂၁) အတွက် နှစ်စဥ်လုပ်ငန်းစီမံချက် ရေးဆွဲခြင်းအား ဇွန်လ…

Meung Thauk Company Limite နှင့် Unique Lawksawk Mango Public Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက် မြို့နယ်အတွင်းရှိ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Meung Thauk Company Limite ၏ သက်ရက်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း နှင့် Unique Lawksawk Mango Public Company Limited ၏ သက်ရက်သီး သန့်စင်ထုတ်ပိုးခြင်းလုပ်ငန်း တို့ကို ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

GPS Joint Venture Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တပင်ပျော်ကျေးရွာအုပ်စု၊ ရွာငံမြို့နယ်၊ တောင်ကြီး ခရိုင်၊ ရှမ်းပြည်နယ်တွင် GPS Joint Venture Co., Ltd ၏ ခဲသတ္တုသန့်စင် ရောင်းချခြင်းလုပ်ငန်းအား စီးပွားဖြစ်စတင်သောရက် သတ်မှတ်ပေးနိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ၁၈.၁၁.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။