ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ဧပြီလ ၈ ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ဥက္ကဋ္ဌက ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင် လုပ်ကိုင်လာကြရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခင်ကော်မတီလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေသည့် မပြီးပြတ်သေးသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကိုလည်း မြန်မြန်ဆန်ဆန်ခွင့်ပြုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ အမိန့်ကြော်ငြာစာများနှင့် ထုတ်ပြန်ထားသည့် ဦးစားပေးကဏ္ဍပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၊ Covid-19 ကာလ ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပါ ဦးစားပေးကဏ္ဍများနှင့် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ သည့်ကာလအတွင်း အကျိုးရရှိမည့် Quit Win လုပ်ငန်းများကိုလည်း ရှာဖွေဖော်ထုတ်ပြီး မြန်မြန် ဆန်ဆန်ခွင့်ပြု ပေးသွားရန်  ကော်မတီဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ကိုလည်း တိုက်တွန်း လိုပါကြောင်း၊ ထို့အပြင် After Care…