Shan State (South/East) Cooperative Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ဦးပိုင်အမှတ်(၁)၊ မြေကွက်အမှတ် (၅-က)၊ ၆ ရပ်ကွက်၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆေးရုံဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Shan State (South/East) Cooperative Limited သို့ (၂၆-၅-၂၀၂၁) ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။