လားရှိုးနဂါး ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဘီယာထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော လားရှိုးနဂါး ကုမ္ပဏီ လီမိတက်ကို (၁၈-၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆွယ်ဟိန်းဂရု ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် အရည်အသွေးမြင့် သစ်ခွဲသား၊ တံခါး၊ ပါကေးနှင့် ပရိဘောဂများထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသော ဆွယ်ဟိန်းဂရုကုမ္ပဏီလီမိတက်ကို (၁၇-၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Agro Global Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟင်းသီးဟင်းရွက်အခြောက် ခံခြင်းလုပ်ငန်းနှင့် ပဲကြိတ်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Agro Global  Company Limited ကို (၆-၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ် သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

စိုးလွင်အောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက် လုပ်၍ လမ်း၊ တံတားအသုံးပြုခများ ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော စိုးလွင်အောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ကို (၆-၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်း၊တံတားအသုံးပြုခကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ကို (၂၂-၁၂-၂၀၂၁) ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Thiha Development Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ၁၂ထပ်အဆောက်အဦ တည်ဆောက်၍ Taunggyi Shopping Center အမည်ဖြင့် တည်ဆောက်ရေးလုပ်ငန်းကို ခွဲဝေခံစားသည့်စနစ်ဖြင့် ဈေးဆိုင်ခန်းများ၊ အဆင့်မြင့်လူနေအိမ်ခန်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Thiha Development Company Limited ကို (၁၇-၁၂-၂၀၂၁) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။  

Pun Hlaing Siloam (Taunggyi) Hospital Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပုဂ္ဂလိကဆေးရုံဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Pun Hlaing Siloam (Taunggyi) Hospital Ltd. Limited ကို (၁၇-၁၂-၂၀၂၁) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်စေရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၁၃-၁၂-၂၀၂၁ ရက်နေ့တွင်  တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊ လုပ်ထုံးလုပ်နည်းများရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးက မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်  သိရှိလိုက်နာရမည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးမှ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ တွေ့ကြုံရသည့်အခက်အခဲများ၊ အကြံပြုလိုသည်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂1 ) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (4/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂1 နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ‌ ကျော်ထွန်းနှင့် အဖွဲ့ဝင် (5)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Mega Richcrops Co., Ltd ၏ ပြောင်းအခြောက်ခံသန့်စင်သိုလှောင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို  အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းမှာ မြန်မာကျပ် (၁၃၀၆.၃၅၈) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၉) ဦး ဖန်တီးပေးနိုင် မည်ဖြစ်ပါသည်။ ဆက်လက်၍ အစည်းအဝေးမှ Unique Lawksawk Mango Public Co., Ltd က သရက်သီးသန့်စင် ထုတ်ပိုးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ရင်းနှီးမြှုပ်နှံမှုသက်တမ်း…

Myanmar Silk Enterprise Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Myanmar Silk Enterprise Company Limited ၏ Contract Farming စနစ် အပါအဝင် ပိုးစားပင် စိုက်ပျိုး ခြင်းနှင့် ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ၄-၁၀-၂၀၂၁ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။