မြန်မာအထွဋ်အထိပ် သတ္တုတွင်းလုပ်ငန်း ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် နမ္မတူမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သွပ်အောက်ဆိုက် ထုတ်လုပ် ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြန်မာအထွဋ်အထိပ်ကုမ္ပဏီ သတ္တုတွင်းလုပ်ငန်း လီမိတက် ကို (၁၈-၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

လားရှိုးနဂါး ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဘီယာထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော လားရှိုးနဂါး ကုမ္ပဏီ လီမိတက်ကို (၁၈-၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။