ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (2/၂၀၂1) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (2/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂1 နှစ် ဇွန်လ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ‌ ကျော်ထွန်းနှင့် အဖွဲ့ဝင် (၅)ဦး တက် ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ခမ်းဓနကုမ္ပဏီ လီမိတက်၏ ပြောင်းအခြောက်ခံသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခုကို  အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီး မြှုပ်နှံမှုပမာဏစုစုပေါင်းမှာ မြန်မာကျပ် (၆၆၇.၁) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။