ခမ်းဓနကုမ္ပဏီလီမိတက်အား အတည်ပြုမိန့်ကတ်ထုတ်ပေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှု ဦးလေးနိုင်မှ ခမ်းဓနကုမ္ပဏီ လီမိတက်၏ ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းအား ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၂/၂၀၂၁) ဆုံးဖြတ်ချက်အရ လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ၂၈-၆-၂၀၂၁ရက်တွင် ကုမ္ပဏီ၏တာဝန်ရှိသူအား အတည်ပြုမိန့်ကတ်ထုတ်ပေးခဲ့ပါသည်

Unique Yawksawk Mango Public Co., Ltd. သို့ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် သရက်သီးသန့်စင်ထုတ ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော Unique Yawksawk Mango Public Co., Ltd. သို့ (၂၅-၆-၂၀၂၁) ရက်တွင်သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကို ၁၈-၆-၂၀၂၁ ရက် နေ့တွင် ရှမ်းပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊  ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊  ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဆိုင်ရာ အစုအဖွဲ့များ၊ စိုက်ပျိုးရေးတောင်သူများ စုစုပေါင်း (၆၆) ဦး ခန့်တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းမှ အဖွင့်မှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊…

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (2/၂၀၂1) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (2/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂1 နှစ် ဇွန်လ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ‌ ကျော်ထွန်းနှင့် အဖွဲ့ဝင် (၅)ဦး တက် ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ခမ်းဓနကုမ္ပဏီ လီမိတက်၏ ပြောင်းအခြောက်ခံသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခုကို  အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီး မြှုပ်နှံမှုပမာဏစုစုပေါင်းမှာ မြန်မာကျပ် (၆၆၇.၁) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

Bing Industries Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် Ethyl Alchol (အီသနော) ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သော Bing Industries Limited သို့ (၄-၆-၂၀၂၁) ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။