ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကို ၁၈-၆-၂၀၂၁ ရက် နေ့တွင် ရှမ်းပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ …

