မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၀)
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အဖွဲ့ဝင်ပြောင်းလဲခန့်အပ်ခြင်း https://www.ssic.gov.mm/wp-content/uploads/2020/08/shan_mamber_change_pdf_eng.pdf
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အဖွဲ့ဝင်ပြောင်းလဲခန့်အပ်ခြင်း https://www.ssic.gov.mm/wp-content/uploads/2020/08/shan_mamber_change_pdf_eng.pdf
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အဖွဲ့ဝင်ပြောင်းလဲခန့်အပ်ခြင်း https://www.ssic.gov.mm/wp-content/uploads/2020/08/shan_mamber_change_pdf_mm.pdf
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆေးရွက်ကြီးစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ Allance One Myanmar Co., Ltd. သို့ ၁၂.၈.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ထောပတ်သီး စိုက်ပျိုးခြင်းနှင့် ထောပတ်သီး၊ သရက်သီးအစရှိသည့်သီးနှံများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်းတို့ကို အတည်ပြုမိန့်ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ကြပါသည်။အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းမှာ မြန်မာကျပ် (၅၆၇၂.၉၉) သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၁၃) သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၂၀) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း အကောင် အထည်ဖော်ရေးအဖွဲ့ဝင်များ၊ ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အဖွဲ့နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ ၂၃.၆.၂၀၂၀ရက်တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအား ၁၉.၆.၂၀၂၀ရက်တွင် သွားရောက်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ Asia Green Travels & Tours Company Limited ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၂)ခုအား ၁၇.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းသောက်ဒေသရှိ Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel and Resort Group Co., Ltd Minor Myanmar Co., Ltd တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများကို ၉.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀) https://www.ssic.gov.mm/wp-content/uploads/2020/05/igm_notification_20200407.pdf
Shan State Monitoring Team conducted field inspection on Eden Hotels and Resorts Co., Ltd , Myanmar Belle Shin Shin Foods Co.,Ltd and Fresco Myanmar Co., Ltd(Italy) located at Heho and Aye Thar Townships , southern Shan State, which carrying out under Myanmar Investment Commission Permits on 24th March, 2020. The Team discussed and coordinated the…