ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ တို့၏ ခွင့်ပြုမိန့်၊  အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် အတွင်းရှိ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပြည်ပသို့တင်ပို့ရန် တိရစ္ဆာန် ထိန်းသိမ်းစစ်ဆေးရေး ဝန်ဆောင်မှုလုပ်ငန်း၊ လားရှိုးမြို့နယ်အတွင်းရှိ ဘီယာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ တိရိစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ကို ၂၂-၃-၂၀၂၃ မှ ၂၆-၃-၂၀၂၃ ထိ  သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Mega Richcrops Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၏  တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာ စက်မှုဇုန်အတွင်းရှိ ရှမ်းပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ပြောင်းအခြောက်ခံသန့်စင် သိုလှောင်ထုတ်လုပ်ခြင်းလုပ်ငန်း ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ တို့၏ ခွင့်ပြုမိန့်၊  အတည်ပြုမိန့်တို့ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ အာလူးမျိုးများ သိုလှောင် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းတို့ကို ၂၈-၃-၂၀၂၃ မှ ၂၉-၃-၂၀၂၃ ထိ  သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာသော Aramaw (Nyaung Shwe) Co., Ltd  ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ လုပ်ငန်းအမျိုးအစား ပြောင်းလဲခွင့် တင်ပြလာသော Agro Global Co.,Ltd ၏ ပဲကြိတ်ခွဲခြင်းလုပ်ငန်း၊ ဟင်းသီး ဟင်းရွက် အခြောက်ခံခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ အတည်ပြုမိန့် လျှောက် ထားလာသော Myanmar LT Development…

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊  အတည်ပြုမိန့်တို့ဖြင့် သကြားထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းများ၊  ပိုစားပင်စိုက်ပျိုးခြင်းနှင့်  ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မျိုးစေ့များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆင့်မြင့် နာနတ်သီး စားသောက်ကုန်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ နို့စားနွား၊ အသားစားကျွဲ၊ နွားမွေးမြူခြင်း၊ နို့နှင့်အေးခဲအမဲသား ထုတ်လုပ်၍ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းတို့ကို ၂၀-၂-၂၀၂၃ မှ ၂၄-၂-၂၀၂၃ ထိ  သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Shan Orchard Myanmar Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်အတီ အတွင်းရေးမှူးသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်အမှတ် (ရပန- ၀၁၃/၂၀၂၀) ဖြင့် ထောပတ်သီးစိုက်ပျိုးခြင်းနှင့်၊ ထောပတ် အဆီထုတ်လုပ်တင်ပို့ခြင်းလုပ်ခြင်း ဆောင်ရွက်လျက်ရှိသော Shan Orchard Myanmar Limited ကို (၁၀-၂-၂၀၂၃) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Paradiso Cinemas Compay Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရပ်ကွက်နှင့် ကလောမြို့နယ်၊ အောင်ပန်းရပ်ကွက်တို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်တို့ဖြင့် ရုပ်ရှင်ရုံများဆောက်လုပ်ခြင်းနှင့် ရုပ်ရှင် ပြသခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိသော Paradiso Cinemas Compay Limited ကို (၂၆-၁-၂၀၂၃) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Oh Si Mountain Public Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁-၃-၂၀၂၂)ရက်စွဲပါ အတည်ပြုမိန့်အမှတ် (ရပန-၀၁၉/၂၀၂၂)ဖြင့် အိမ်ရာဆောက်လုပ် ငှားရမ်း ရောင်းချခြင်းလုပ်ငန်းကို ရွက်လျက် ရှိသော Oh Si Mountain Public Company Limited ကို (၂၆-၁-၂၀၂၃) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Hi Avocado MTD Company Limited က  တည်ဆောက်မှု/ပြင်ဆင်မှုကာလ ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ဆွေးနွေး အတည်ပြုပေးခဲ့ပါသည်။ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀) သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံ သားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁၃) ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၆.၀၉၃…

Hi Avocado MTD Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်အမှတ် (ရပန- ၀၁၀/၂၀၂၀) ဖြင့် ထောပတ်သီးစိုက်ပျိုးခြင်းနှင့်၊ ထောပတ်သီး၊ သရက်သီးအစရှိသည့် သစ်သီးများပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော Hi Avocado MTD Company Limited ကို (၁၉-၁-၂၀၂၃) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။