Hi Avocado MTD Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်အမှတ် (ရပန- ၀၁၀/၂၀၂၀) ဖြင့် ထောပတ်သီးစိုက်ပျိုးခြင်းနှင့်၊ ထောပတ်သီး၊ သရက်သီးအစရှိသည့် သစ်သီးများပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော Hi Avocado MTD Company Limited ကို (၁၉-၁-၂၀၂၃) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Shan State (South/East) Cooperative Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်အမှတ် (၂၀၅/၂၀၂၀) ဖြင့် ပုဂ္ဂလိက ဆေးရုံဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသော Shan State (South/East) Cooperative Limited ကို (၁၉-၁-၂၀၂၃) ရက်နေ့ တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။