Paradiso Cinemas Compay Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရပ်ကွက်နှင့် ကလောမြို့နယ်၊ အောင်ပန်းရပ်ကွက်တို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်တို့ဖြင့် ရုပ်ရှင်ရုံများဆောက်လုပ်ခြင်းနှင့် ရုပ်ရှင် ပြသခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိသော Paradiso Cinemas Compay Limited ကို (၂၆-၁-၂၀၂၃) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Oh Si Mountain Public Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁-၃-၂၀၂၂)ရက်စွဲပါ အတည်ပြုမိန့်အမှတ် (ရပန-၀၁၉/၂၀၂၂)ဖြင့် အိမ်ရာဆောက်လုပ် ငှားရမ်း ရောင်းချခြင်းလုပ်ငန်းကို ရွက်လျက် ရှိသော Oh Si Mountain Public Company Limited ကို (၂၆-၁-၂၀၂၃) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။