Myanmar Xinguang Medical Gas Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၃၃၃/၂၀၂၁) ဖြင့် ကျန်းမာရေး သုံး အောက်စီဂျင်နှင့် လုပ်ငန်းသုံး ဓါတ်ငွေ့အမျိုးမျိုးထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Xinguang Medical Gas Company Limited ကို (၁၃-၁၂-၂၀၂၂) ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Myanmar Vineyard Estate Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာ မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၄၂၇/၂၀၀၇) ဖြင့် အစေ့မဲ့စပျစ်များ၊ နိုင်ငံတကာအဆင့်မီဝိုင်စပျစ်မျိုးများစိုက်ပျိုးခြင်း၊ ပျိုးဥယျာဉ်စိုက်ပျိုး ခြင်း၊ ရောင်းချခြင်းနှင့် ဆက်နွယ်သောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Myanmar Vineyard Estate Company Limited ကို (၂၃-၁၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Eden Energy & Natural Resources Development Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၅၉၇/၂၀၀၃) ဖြင့် ကျောက်မီး သွေးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Eden Energy & Natural Resources Development Company Limited ကို (၂၂-၁၁-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းရုံး၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေဦးစီးဌာန၊ ခေတ္တ ပြည်နယ်ဦးစီးမှူးက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော…

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သောကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၂) ခု နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် ပြောင်းအခြောက်ခံသန့်စင်သိုလှောင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (၁)ခုတို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ တည်ဆောက်မှု ကာလ တိုးမြှင့်ခွင့် တင်ပြလာခြင်းအပေါ် ဆွေးနွေး အတည်ပြုပေးခဲ့ပါသည်။ ရှမ်းပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၂ ခု၊ ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၆၃.၂၁ သန်းကို ခွင့်ပြုပေးထားပြီး စုစုပေါင်း မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၈၁ ခု၊ ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅၂၇.၉၆…

Cost Effectiveness Oriented Group Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၁၀၇/၂၀၁၆) ဖြင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Cost Effectiveness Oriented Group Company Limited ကို (၂၇-၉-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Meung Thauk Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်အမှတ် (၀၀၁/၂၀၁၈) ဖြင့် သရက်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိသော Meung Thauk Company Limited ကို (၂၃-၉-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စကားဝိုင်း ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ရရှိနိုင်သောရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ် လုပ်မှုအခြေအနေများကို ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှုက ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမည့်ကျေးရွာများတွင် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများစာရင်း တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် တွေ့ကြံရသည့် အခက်အခဲများ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

Kyar Min Gyi Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်အမှတ် (၁၅၈/၂၀၁၉) ဖြင့် Single Malt Whisky အရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Kyar Min Gyi Company Limited ကို (၁၆-၉-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။