Myay Nagar Mining Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၃၆၄/၂၀၂၂)ဖြင့် ခဲကာဗွန်နိတ်သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myay Nagar Mining  Company Limited ကို (၁၂-၁-၂၀၂၃) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။