Cornerstone Resources (Myanmar) Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၃၂၈/၁၉၉၉) ဖြင့် သွပ်သတ္တုရိုင်း တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Cornerstone Resources (Myanmar) Company Limited ကို (၁၄-၁၂-၂၀၂၂) ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။

Myanmar Shwe Ayeyar Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ အတည်ပြုမိန့် လျှောက်ထားတင်ပြလာခြင်းနှင့် ပတ်သက်၍ Myanmar Shwe Ayeyar Company Limited ကို (၁၄-၁၂-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Myanmar L.T Development Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် တိရစ္ဆာန်အစာထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ရာနှုန်းပြည့်တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ အတည်ပြုမိန့် လျှောက်ထားတင်ပြလာခြင်းနှင့် ပတ်သက်၍ Myanmar L.T Development Company Limited ကို (၁၄-၁၂-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။