ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (2/၂၀၂1) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (2/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂1 နှစ် ဇွန်လ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ‌ ကျော်ထွန်းနှင့် အဖွဲ့ဝင် (၅)ဦး တက် ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ခမ်းဓနကုမ္ပဏီ လီမိတက်၏ ပြောင်းအခြောက်ခံသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခုကို  အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်း၏…

Bing Industries Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် Ethyl Alchol (အီသနော) ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သော Bing Industries Limited သို့ (၄-၆-၂၀၂၁) ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

Shan State (South/East) Cooperative Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ဦးပိုင်အမှတ်(၁)၊ မြေကွက်အမှတ် (၅-က)၊ ၆ ရပ်ကွက်၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆေးရုံဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Shan State (South/East) Cooperative Limited သို့ (၂၆-၅-၂၀၂၁) ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့်အဖွဲ့သည် ၁၄-၅-၂၀၂၁ ရက်နေ့တွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရှမ်းပြည် နယ်ဦးစီးမှူးရုံးအားလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံဥပဒေ၊ နည်းဥပဒေ…

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ဧပြီလ ၈ ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ဥက္ကဋ္ဌက ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင် လုပ်ကိုင်လာကြရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခင်ကော်မတီလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေသည့် မပြီးပြတ်သေးသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကိုလည်း မြန်မြန်ဆန်ဆန်ခွင့်ပြုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ အမိန့်ကြော်ငြာစာများနှင့် ထုတ်ပြန်ထားသည့် ဦးစားပေးကဏ္ဍပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း…

Wuxi HuaGuang (Myanmar) Company Limited .(China)နှင့် Dragon Cement Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Wuxi HuaGuang (Myanmar) Company Limited ၏ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအား အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် ဘွိုင်လာအသစ် တည်ဆောက်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် Dragon Cement Co., Ltd.၏ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း တို့ကို ၂၂-၁-၂၀၂၁ ရက်တွင် သွားရောက်ကွင်းဆင်း၍…

” စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း “

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေး တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊…

“ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါသလား? SSIC website တွင်လေ့လာနိုင်ပါသည်။”

SSIC website သည် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် နှင့်စီးပွားရေးလုပ်ရန် စီစဉ်ထားသော ရင်းနှီးမြှုပ်နှံသူများအတွက် ထိရောက်သောသတင်းအချက်အလက်များ ရရှိနိုင်သည့် website တစ်ခုဖြစ်သည်။ ၎င်း website တွင် အစိုးရ၏စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုးတက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းများ နှင့်ပတ်သတ်သော နောက်ဆုံးရ သတင်းအချက်အလက်များ ရရှိနိုင်မှာဖြစ်ပြီး၊ ရှမ်းပြည်နယ်ရှိ ခွင့်ပြုချက်၊ သို့မဟုတ် ထောက်ခံချက်များရရှိထားသည့်   စီးပွားရေးလုပ်ငန်းဆိုင်ရာလမ်းညွှန် တစ်ခုလည်းရှိပါသည်။   ထပ်မံသိရှိလိုပါက ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။ – https://www.ssic.gov.mm/  …