မြတ်မင်းကုမ္ပဏီလီမိတက် ၊ဆန်တမ်အင်းလေး ရီဆော့ ကုမ္ပဏီလီမိတက်. နှင့် ဝင်း ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မြတ်မင်းကုမ္ပဏီလီမိတက် ၊ဆန်တမ်အင်းလေး ရီဆော့ ကုမ္ပဏီလီမိတက်. နှင့် ဝင်း ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ကုမ္ပဏီလီမိတက် ၏ တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအား ၂၅.၂.၂၀၂၀ ရက်တွင် သွားရောက် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။  

ပါရာဒိုင်ဆို စီနီမား(စ်) ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် ရုပ်ရှင်ရုံတည်ဆောက်ခြင်းနှင့် ပြသခြင်းလုပ်ငန်းဆောင်ရွက်နေသော ပါရာဒိုင်ဆို စီနီမား(စ်) ကုမ္ပဏီလီမိတက် သို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

လွိုင်မောင်းကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့်  လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ်ရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက် ရှိသော Loi Moung Co., Ltd.  သို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ဦးစီးမှူးရုံး၏ ကားရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါဖွင့်လှစ်ခြင်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကားရုံတည်ဆောက်ခြင်းလုပ်ငန်း (၅၀’x ၂၀’) ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါလက်ခံရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များဖြင့် (၂၇.၁၂.၂၀၁၉)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ပူးပေါင်း၍ Deutsche Gesellschaftfür Internationale Zusammenarbeit (GIZ) ၏ ပါဝင်ကူညီမှုဖြင့် ရှမ်းပြည်နယ် အတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။   အဆိုပါ ဖိုရမ်အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Thomas Neisinger ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။   ဖိုရမ်သို့ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျ နိုင်ငံ၊ ရုရှနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူ ၉၂ ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် ဖိုရမ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများလည်း ခင်းကျဉ်းပြသခဲ့ပါသည်။   ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ဖွင့်ပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ်ကြီး H.E Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ အမှာစကား ပြောကြား ရာတွင် “မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုးရေး ကဏ္ဍသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အရေးကြီးပါကြောင်း၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် အားလုံးပါဝင်သည့်…

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်ဦးစီးမှူးရုံး)၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန (ရှမ်းပြည်နယ်ဦးစီးမှူးရုံး)ကို ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ဦးအောင်နိုင်ဦးတို့မှ (၁၈.၈.၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးများကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၇)ဖြင့် ဖွဲ့စည်းပေးခဲ့ ပြီးကော်မတီအနေဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုစုစုပေါင်း (၈)ခုကိုစိစစ်၍ အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၅၀၀)ကျော်ကိုဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းရေးဆွဲနိုင်ရေး ဆောင်ရွက်ခြင်း

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းလူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဂျာမဏီအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ မှ စတင်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိပါသည်။