ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း အကောင် အထည်ဖော်ရေးအဖွဲ့ဝင်များ၊ ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အဖွဲ့နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ ၂၃.၆.၂၀၂၀ရက်တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ  စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအား ၁၉.၆.၂၀၂၀ရက်တွင် သွားရောက်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Asia Green Travels & Tours Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ Asia Green Travels & Tours Company Limited ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၂)ခုအား ၁၇.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။  

Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel နှင့် Resort Group Co., Ltd Minor Myanmar Co., Ltd များသို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းသောက်ဒေသရှိ Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel and Resort Group Co., Ltd Minor Myanmar Co., Ltd တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများကို ၉.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။