ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအကြောင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအကြောင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင် များအတွက် ဝင်ပေါက်သဖွယ်ဖြစ်ပါသည်။ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်မှု ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများ ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက် ချက်များတွင် ဤဦးစီးဌာန အနေဖြင့် နိုင်ငံတော်မူဝါဒများနှင့် လျော်ညီစွာ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုဌာန တစ်ခုအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

ရှမ်းပြည်နယ်ဦးစီးမှူးရုံးဌာနသမိုင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးကို ရှမ်းပြည်နယ် နှင့် ဆက်စပ်ပြည်နယ်များမှ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို မြန်ဆန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် (၁၈-၈-၂၀၁၄) တနင်္လာနေ့တွင် ဌာန၏ရုံးတည်နေရာ အမှတ်-၁၃၉၊ ဒုတိယထပ်၊ စဝ်စံထွန်းလမ်း၊ စျေးပိုင်းရပ်၊ တောင်ကြီးမြို့တွင် အရာထမ်း(၄)ဦး၊ အမှုထမ်း(၃)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနောက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၊  (၅)ရက်နေ့ တွင်ရုံးတည်နေရာအား ပြည်သူများ သွားလာရလွယ်ကူစေရန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေး နှင့်စားသုံးသူရေးရာဝင်း၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့သို့ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်စေရန်နှင့်  ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  နှစ်ထပ်အဆောက်အဦးရုံး အသစ်သို့ ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးဆောက်လုပ်ရန်ခွင့်ပြုခဲ့ပါသဖြင့် ရှမ်းပြည်နယ်ဦးစီးမှူးရုံးပိုင် မြေနေရာဖြစ်သော အဝေရာမီးပုံးပျံကွင်းလမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ စတင်၍ အပြီးသတ်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပါသည်။

ရည်ရွယ်ချက်များ
  • ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင်လာစေရန်
  • ပုဂ္ဂလိက စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းကို အားပေးရန်
  • ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ရန်
  • အဖွဲ့အစည်းတည်ထောင်ဆောင်ရွက်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ မူဘောင်များအား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်
DICA ၏ ဆောင်ပုဒ်

D – Dutiful (တာဝန်ကျေပွန်ခြင်း)
I  –  Industrious (လုံ့လဝီရိယရှိခြင်း)
C – Capable (စွမ်းဆောင်ရည်ပြည့်ဝခြင်း)
A –  Accountable (တာဝန်ခံမှုရှိခြင်း)

We called DICA.

ဆက်သွယ်ရန်

ရုံးချုပ်

ရန်ကုန်

အမှတ် ၁ ၊ သစ္စာလမ်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်။
ဖုန်း – ဝ၁-၆၅၈၁၀၃

ပြည်နယ်နှင့် တိုင်းများရှိ ရုံးခွဲများ

နေပြည်တော်ရုံးခွဲ၊ နေပြည်တော်

ရုံးအမှတ် ၃၂ ၊ နေပြည်တော်
ဖုန်း – ဝ၆၇-၄ဝ၆၁၂၄ ၊ ဝ၆၇-၄ဝ၆၁၆၆

တောင်ကြီးရုံးခွဲ, ရှမ်းပြည်နယ်

အဝေရာမီးပုံးပျံကွင်းလမ်း၊ ကျောင်းကြီးစုရပ်၊ တောင်ကြီးမြို့၊ရှမ်းပြည်နယ်။
ဖုန်း – ဝ၈၁-၂၁၂၄၂၉၃၊ ဖက်စ် -၀၈၁-၂၁၂၄၉၇၄

မန္တလေးရုံးခွဲ၊ မန္တလေးတိုင်းဒေသကြီး

၂၆ x ၂၇ လမ်းကြား၊ ၈၄လမ်း၊ စျေးချိုအရှေ့ဘက်တိုက်တန်း၊ တတိယထပ်၊ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးတိုင်းဒေသကြီး။
ဖုန်း – ဝ၂-၄၀၈၆၆၆၁၊ ဖက်စ်-၀၂-၄၀၈၆၆၆၀

မော်လမြိုင်ရုံးခွဲ၊ မွန်ပြည်နယ်

မော်လမြိုင်မြို့နယ် စုပေါင်းရုံး၊ တတိယထပ်၊ရုံးကြီးလမ်း၊ ပန်းပဲတန်းရပ်ကွက်၊မော်လမြိုင်မြို့၊မွန်ပြည်နယ်။
ဖုန်း – ဝ၅၇-၂၀၂၃၃၉၅၊ ဖက်စ်-၀၅၇-၂၀၂၃၃၈၅

ပုသိမ်ရုံးခွဲ၊ ဧရာဝတီတိုင်းဒေသကြီး

စုပေါင်းရုံး(OSS)၊ မြက်တိုရပ်ကွက်၊ ပုသိမ်မြို့
ဖုန်း ၀၄၂ -၂၉၂၅၆၊ ဖက်စ် ၀၄၂-၂၉၂၅၈

မုံရွာရုံးခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး

ခရိုင်စီမံခန့်ခွဲရေးကော်မတီရုံးဝင်း၊ ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့
ဖုန်း ၀၇၁ ၂၆၂၇၄

ထားဝယ်ရုံးခွဲ၊ တနင်္သာရီတိုင်းဒေသကြီး

မြို့နယ်စုပေါင်ရုံး၊ ဆန်းချီရပ်၊ထားဝယ်မြို့
ဖုန်း- ၀၅၉ ၂၂၂၃၀ ၊  ဖက်စ်- ၀၅၉ ၂၂၂၃၃

ပဲခူးရုံးခွဲ၊ ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်း၊ တောင်ငူလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့
ဖုန်း- ၀၅၂-၂၂၀၁၇၄၇ ၊  ဖက်စ်- ၀၅၂-၂၂၀၁၇၄၈

ဘားအံရုံးခွဲ၊ ကရင်ပြည်နယ်

ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သုဓနုလမ်း၊ ဘားအံမြို့
ဖုန်း- ၀၅၈ ၂၂၇၄၉ ၊  ဖက်စ်- ၀၅၈ ၂၂၇၅၀

 

မကွေးရုံးခွဲ၊ မကွေးတိုင်းဒေသကြီး

မြို့နယ်စုပေါင်းရုံး၊ ဒုတိယထပ်၊ ပြည်တော်သာ(၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့
ဖုန်း- ၀၆၃-၂၈၇၄၈ ၊ ဖက်စ်- ၀၆၃-၂၈၇၄၇

 

 

လွိုင်ကော်ရုံးခွဲ၊ ကယားပြည်နယ်

ခရိုင်စုပေါင်းရုံး၊ ဦးနီလမ်း၊ ဒေါ်ဥခူရပ်ကွက်၊ လွိုင်ကော်မြို့
ဖုန်း- ၀၈၃-၂၂၂၄၁၈၄၊ ဖက်စ်-၀၈၃-၂၂၂၄၁၈၅

မြစ်ကြီးနားရုံးခွဲ၊ ကချင်ပြည်နယ်

ပြည်နယ်စိုးရအဖွဲ့ရုံး၊ ရုံးကြီးလမ်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
ဖုန်း- ၀၇၄-၂၅၂၄၂၀၁ ၊  ဖက်စ်- ၀၇၄-၂၅၂၀၁၀၃

စစ်တွေရုံးခွဲ၊ ရခိုင်ပြည်နယ်

ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်း၊ မေယုလမ်း၊ ဘောလုံးကွင်း ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်
ဖုန်း-၀၄၃- ၂၀၂၄၅၂၈၊ ဖက်စ်- ၀၄၃- ၂၀၂၄၅၂၉

ဟားခါးရုံးခွဲ၊ ချင်းပြည်နယ်

ခရိုင်စုပေါင်းရုံး၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့၊ ချင်းပြည်နယ်
ဖုန်း/ဖက်စ်- ၀၇၀-၂၁၃၂၃

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးခွဲနှင့် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်သည့်အဖွဲ့ ရုံး(OSS)၊ ရန်ကုန်မြို့

မြေကွက်အမှတ် ၄၉၊ မြေတိုင်းအမှတ် ၈၅/ ကံဘဲ့၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်။
ဖုန်း +၉၅ ၀၁ ၆၅၈၂၆၃၊ ဖက်စ်- ၀၁ ၆၅၈၂၆၄