ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင် များအတွက် ဝင်ပေါက်သဖွယ်ဖြစ်ပါသည်။ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်မှု ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများ ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက် ချက်များတွင် ဤဦးစီးဌာန အနေဖြင့် နိုင်ငံတော်မူဝါဒများနှင့် လျော်ညီစွာ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုဌာန တစ်ခုအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
ရှမ်းပြည်နယ်ဦးစီးမှူးရုံးဌာနသမိုင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးကို ရှမ်းပြည်နယ် နှင့် ဆက်စပ်ပြည်နယ်များမှ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို မြန်ဆန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် (၁၈-၈-၂၀၁၄) တနင်္လာနေ့တွင် ဌာန၏ရုံးတည်နေရာ အမှတ်-၁၃၉၊ ဒုတိယထပ်၊ စဝ်စံထွန်းလမ်း၊ စျေးပိုင်းရပ်၊ တောင်ကြီးမြို့တွင် အရာထမ်း(၄)ဦး၊ အမှုထမ်း(၃)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနောက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၊ (၅)ရက်နေ့ တွင်ရုံးတည်နေရာအား ပြည်သူများ သွားလာရလွယ်ကူစေရန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေး နှင့်စားသုံးသူရေးရာဝင်း၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့သို့ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်စေရန်နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ နှစ်ထပ်အဆောက်အဦးရုံး အသစ်သို့ ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးဆောက်လုပ်ရန်ခွင့်ပြုခဲ့ပါသဖြင့် ရှမ်းပြည်နယ်ဦးစီးမှူးရုံးပိုင် မြေနေရာဖြစ်သော အဝေရာမီးပုံးပျံကွင်းလမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ စတင်၍ အပြီးသတ်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပါသည်။