ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ထောပတ်သီး စိုက်ပျိုးခြင်းနှင့် ထောပတ်သီး၊ သရက်သီးအစရှိသည့်သီးနှံများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်းတို့ကို အတည်ပြုမိန့်ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ကြပါသည်။အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းမှာ မြန်မာကျပ် (၅၆၇၂.၉၉) သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၁၃) သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၂၀) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။  

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း အကောင် အထည်ဖော်ရေးအဖွဲ့ဝင်များ၊ ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အဖွဲ့နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ ၂၃.၆.၂၀၂၀ရက်တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ  စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအား ၁၉.၆.၂၀၂၀ရက်တွင် သွားရောက်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Asia Green Travels & Tours Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ Asia Green Travels & Tours Company Limited ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၂)ခုအား ၁၇.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။  

Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel နှင့် Resort Group Co., Ltd Minor Myanmar Co., Ltd များသို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းသောက်ဒေသရှိ Thazin Garden International Trading Co., Ltd ၊ Myanmar Treasure Hotel and Resort Group Co., Ltd Minor Myanmar Co., Ltd တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများကို ၉.၆.၂၀၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀) https://www.ssic.gov.mm/wp-content/uploads/2020/05/igm_notification_20200407.pdf

Fiels Inspection to Eden Hotels and Resorts Co., Ltd , Myanmar Belle Shin Shin Foods Co.,Ltd and Myanmar Belle Shin Shin Foods Co.,Ltd

Shan State Monitoring Team conducted field inspection on Eden Hotels and Resorts Co., Ltd , Myanmar Belle Shin Shin Foods Co.,Ltd and Fresco Myanmar Co., Ltd(Italy) located at Heho and Aye Thar Townships , southern Shan State, which carrying out under Myanmar Investment Commission Permits on 24th March, 2020. The Team discussed and coordinated the…

Field Inspection to Eden Hotels and Resorts Co., Ltd , Myanmar Belle Shin Shin Foods Co.,Ltd and Myanmar Belle Shin Shin Foods Co.,Ltd

Shan State Monitoring Team conducted field inspection on Eden Hotels and Resorts Co., Ltd , Myanmar Belle Shin Shin Foods Co.,Ltd and Fresco Myanmar Co., Ltd(Italy) located at Heho and Aye Thar Townships , southern Shan State, which carrying out under Myanmar Investment Commission Permits on 24th March, 2020. The Team discussed and coordinated the…

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) ပေးအပ်ခြင်းအခမ်းအနား

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ဂျာမဏီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ပူးပေါင်း၍ ၁၈-၃-၂၀၂၀ ရက်နေ့ တောင်ကြီးစီးတီးဟိုတယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (SSIPP) ပေးအပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ပါသည်။

မြတ်မင်းကုမ္ပဏီလီမိတက် ၊ဆန်တမ်အင်းလေး ရီဆော့ ကုမ္ပဏီလီမိတက်. နှင့် ဝင်း ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မြတ်မင်းကုမ္ပဏီလီမိတက် ၊ဆန်တမ်အင်းလေး ရီဆော့ ကုမ္ပဏီလီမိတက်. နှင့် ဝင်း ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ကုမ္ပဏီလီမိတက် ၏ တို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအား ၂၅.၂.၂၀၂၀ ရက်တွင် သွားရောက် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။