Myanmar Richy Regina Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Myanmar Richy Regina Co., Ltd. ၏ နိုင်ငံတကာအဆင့်မီ အပန်းဖြေဟိုတယ် လုပ်ငန်း ကို ၂၄-၃-၂၀၂၂ ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။