Swel Hein Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သစ်အခြေခံပရိဘောဂထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော Swel Hein Co., Ltd. ကို စီးပွားဖြစ်ကာလသတ်မှတ်ပေးနိုင်ရန်အတွက် (၄-၃-၂၀၂၂)ရက်နေ့တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး သွား ရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Myanmar Shwe Ayeyar Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏  ခွင့်ပြုမိန့်ဖြင့် ပြောင်းအခြောက်ခံသန့်စင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Shwe Ayeyar Co., Ltd.  ကို (၄-၃-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။