ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ် ဧပြီ လ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် Heho Potato Company Limited ၏ အအေးခန်းသိုလှောင်ရုံ တည်ဆောက်၍ မျိုးအာလူးနှင့် ချင်း(ဂျင်း)များ သိုလှောင် ဝန်ဆောင်မှုပေးခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန် အတည်ပြုမိန့် လျှောက်ထားတင်ပြလာခြင်းအပေါ် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက စိစစ်ခွင့်ပြုပေးနိုင်ပါရန်အတွက် အတည်ပြုမိန့် လျှောက်ထား တင်ပြလာခြင်းကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးနိုင် မည် ဆိုပါက…