ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် De Infinity Company Limited မှ ပြောင်းအခြောက်ခံ ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်းအား အတည်ပြုမိန့် လျှောက်ထား တင်ပြ လာခြင်းကို ဆွေးနွေးခဲ့ ကြပါသည်။ အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးနိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် သန်း ၅၆၀၃.၁၅၈ နှင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀ ဦး ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။…