Silver Elephant Construction Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၀၂/၁၉၉၇) ဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီမြို့ပြအိမ်ရာဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်း ဆောင်ရွက် လျက်ရှိသော Silver Elephant Construction Company Limited ကို (၂၇-၅-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။