ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရို
ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တွင်ရင်းနှီးမြှုပ်နှံခြင်းဗီဒီရိုကို ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ယခုဗီဒီရိုထဲတွင် ရှမ်းပြည်နယ်၏ သဘာဝပထဝီဝင်ဆိုင်ရာ အချက်အလက်များ၊ အလားအလာရှိသောရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့် ခံစားခွင့်များ၊ ကင်းလွှတ်ခွင့်နှင့် သက်သာခွင့်များပါဝင်ပါသည်။ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉တွင် ယခုဗီဒီရိုကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဗီဒီရိုအားကူးယူရန် https://youtu.be/wkuSYs-gG4c