ဝန်ကြီးချုပ်၏အမှာစကား
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်တည်ရှိပြီး ကုန်းမြေအကျယ်ပြန့်ဆုံး ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဗဟိုချက်မဖြစ်သည့်အပြင် မဟာဗျူဟာမြောက် ချိတ်ဆက်မှုများဖြစ်သော တရုတ်နိုင်ငံ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျှက်ရှိပြီး တည်နေရာကောင်းမွန် သောကြောင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းအမျိုးမျိုးရှိသော ပြည်နယ်တစ်ခုလည်းဖြစ်ပါ သည်။ ရှမ်းပြည်နယ်အတွင်း အင်းလေးကန်နှင့် အခြားထင်ရှားသော စေတီပုထိုးများ၊ လိုဏ်ဂူများစ သည့် ပြည်တွင်း/ ပြည်ပခရီးသွားများလာရောက်လည်ပတ်ရန်အတွက် ထင်ရှားကျော်ကြားသော နေရာများစွာ တည်ရှိနေခြင်းကြောင့်…
