ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် ဆောင်ရွက်လျက်ရှိသော ပြောင်းအခြောက်ခံသန့်စင် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းနှင့် BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်းတံတား အသုံးပြုခများ ကောက်ခံခြင်းလုပ်ငန်း တို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင်သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။