ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေး မှူးက ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှု အပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာသော Aramaw (Nyaung Shwe) Co., Ltd.  ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို ဆွေးနွေးတင်ပြခြင်းနှင့် လုပ်ငန်းယာယီ ရပ်နားခွင့်ပြုပါရန်…