ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည်  ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏  အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက်ရှိသော ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ထောပတ်သီး သရက်သီးအစရှိသည့် သစ်သီးများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြောင်းအခြောက်ခံသန့်စင် သိုလှောင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း တို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင်သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။