ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ် မေ လ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက ရှမ်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ လျာထားချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည့်အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံ သားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁၈) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ…