ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ညွှန်ကြားချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့၊ ဘော်ဆိုင်းဒေသရှိ Myay Nagar Mining Company Limited ၏ ကာဗွန်နိတ်သန့်စင်ခြင်းလုပ်ငန်းနှင့် Malikha Yadanar Mining Company Limited ၏ ခဲသတ္တုသန့်စင်ရောင်းချခြင်းလုပ်ငန်းတို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး သွားရောက် ကွင်းဆင်း၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။