ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏  တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာ မြို့နယ် နှင့် ဟဲဟိုးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ စက်အုတ်ထုတ်လုပ် ရောင်းချ ခြင်းလုပ်ငန်းနှင့် single malt whisky အရက်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။