ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏  တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော လူထုအခြေပြု ဗဟိုဌာန၊ (Community Center)၊ ဝန်ထမ်း အိမ်ရာ နှင့် Corner for the disabled နှင့်လူနေဈေးဆိုင်ခန်းတို့ကို တည်ဆောက်၍ ဘီအိုတီစနစ်ဖြင့် လူနေဈေးဆိုင်ခန်းများငှားရမ်းခြင်းလုပ်ငန်းနှင့် BOT စနစ်ဖြင့် ရုံးခန်း၊ လူနေအိမ်ခန်း၊ ဈေးဆိုင်ခန်းနှင့် ပလာဇာများ တည်ဆောက်ဖွင့်လှစ် ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။