ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အတည်ပြုမိန့်လျှောက်ထားတင်ပြလာသော San Yang Paper Mill International Co., Ltd. ၏ စက္ကူပျော့ဖက်နှင့် စက္ကူအမျိုးမျိုးထုတ်လုပ် ရောင်းချ ခြင်းလုပ်ငန်းကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းသည် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁.၇၉၅ သန်းရင်းနှီး မြှုပ်နှံမည်ဖြစ် ပြီး အလုပ်အကိုင်အခွင့်အလမ်း ပြည်တွင်း ၂၀၀ ဦး…