ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုအရ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးနှင့် မြှင့်တင်နိုင်ရေးတို့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကြုံတွေ့နေရသည့်အခက်အခဲများ၊ နိုင်ငံတော်နှင့် ဌာနဆိုင်ရာများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလိုသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးခဲ့သည့်အပြင် လုပ်ငန်းရှင်များ၏ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်ပေးခဲ့ပါသည်။