Myanmar Commercial Development Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၃၀၂/၂၀၂၁)ဖြင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် လျက်ရှိသော Myanmar Commercial Development Company  Limited ကို (၂၆-၅-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Myanmar Shwe Ayeyar Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၁၀၁/၂၀၁၅) ဖြင့် စိုက်ပျိုး ရေးသုံး ဓါတ်မြေဩဇာထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Shwe Ayeyar Co., Ltd.  ကို (၂၃-၅-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

North East Gate Fruit Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၉၈၉/၂၀၁၄) ဖြင့် သစ်သီးစွပ် စက္ကူအိတ်၊ သစ်သီးစွပ် ဖော့အိတ်၊ သစ်သီးထည့် ပလပ်စတစ်ခြင်းနှင့် ပလပ်စတစ်လိပ် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော North East Gate Fruit Co., Ltd. ကို (၂၃-၅-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

“Unboxing Investment Facilitation Toolkit 2022 ၏ လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးခြင်းနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Company Online – MyCO) အသုံးပြုပုံနည်းလမ်းများ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကျင်းပပြုလုပ်ခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍  “Unboxing Investment Facilitation Toolkit 2022 ၏ လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေး ခြင်းနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Company Online – MyCO) အသုံးပြုပုံနည်းလမ်းများ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက် နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းရုံး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအခမ်းအနားကို ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည်အသင်း လုပ်ငန်းရှင်များ စုစုပေါင်းဦးရေ (၅၀)ဦး တက်ရောက်ခဲ့ကြြပီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ ဦးလေးနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး၊  ဦးဝင်းနိုင် တို့မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။

Sapphire Gardens Kalaw Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၁၂၅၀/၂၀၁၇ ဖြင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် ရန် ခွင့်ပြုထားသော  Sapphire Gardens Kalaw  Co., Ltd. ကို (၂၆-၄-၂၀၂၂) ရက်နေ့ တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ  အတွင်းရေးမှူး  သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခမ်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ဦးလေးနိုင်က ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Unboxing Investment Facilitation Toolkit 2022 ၏ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု စနစ် (DICA Online Solution – DOSo)  စနစ်၊ တစ်နေရာတည်း အလုံးစုံ…

Myanmar Allure Group Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော   Myanmar Allure Group Co., Ltd. ၏ ဧည့်ဝတ်ပြုခြင်း၊ ဟိုတယ်နှင့် ခရီးသွားဆက်စပ် ဝန်ဆောင်မှု လုပ်ငန်း ကို ၂၄-၃-၂၀၂၂ ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

Myanmar Richy Regina Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော   Myanmar Richy Regina Co., Ltd. ၏ နိုင်ငံတကာအဆင့်မီ အပန်းဖြေဟိုတယ် လုပ်ငန်း ကို ၂၄-၃-၂၀၂၂ ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

Golden Triangle Paradise Resort Hotel သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော   Golden Triangle Paradise Resort Hotel ၏ ဟိုတယ်နှင့်အပန်းဖြေစခန်း စီမံခန့်ခွဲမှုလုပ်ငန်း ကို ၂၄-၃-၂၀၂၂ ရက်တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။